“သူတို့နိုင်ငံရဲ့ ပြည်သူလူထုအတွက် စကားပြောနိုင်ဖို့ကြိုးစားအားထုတ်ကြသူ အမှန်တကယ် ရွေးကောက်တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကျွန်တော်တို့ရပ်တည်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ ချက်ချင်းပြန်ပြီး အပြည့်အဝအသက်ဝင်ရေးအတွက် သူတို့နဲ့အတူ တောင်းဆိုပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်နေပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ထောက်ခံပြီး ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွားစုရုံးခွင့်၊ သိရှိဆက်သွယ်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို အွန်လိုင်းကနေရော၊ အွန်လိုင်းမဟုတ်တဲ့ဆီကရော လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း အားပေးထောက်ခံပါတယ်။ အများပြည်သူ စုရုံးခွင့်ကို ကန့်သတ်လိုက်တဲ့ စစ်တပ်ရဲ့လတ်တလောကြေညာချက်နဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ သေချာပေါက် အကြီးအကျယ်စိုးရိမ်နေပါတယ်။ ကျွန်တော်ယခင်ကပြောခဲ့သလိုပါပဲ ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ အခိုင်အမာအားပေးထောက်ခံနေပါတယ်” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်
