မူလ / ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ

ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ကျင်းပလျက်ရှိသည့် အမှုဆောင်ကောင်စီအစည်းအဝေးနှင့် ညီလာခံအစည်းအဝေးသို့ တက်ရောက်လျက်ရှိပြီး ညီလာခံသို့ တက်ရောက်လာသည့် ဆွီဒင်၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃-၃-၂၀၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ၂၇-၃-၂၀၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သွားမည် ဖြစ်ပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်မှုသတင်းအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top