မူလ / (၅၅) နှစ်မြောက် ကယောအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၅၅) နှစ်မြောက် ကယောအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

၁။           ယနေ့ကျရောက်သည့် ထူးမြတ်သော ကယောအမျိုးသားနေ့တွင် ကယောတိုင်းရင်းသား များနှင့်အတူ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်း၍ ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။            ကယောတိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းယဥ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများဖြင့် အစဥ်အလာကြီးမားသော လူမျိုးများ ဖြစ်ပါ သည်။ က ယောလူမျိုးများ၏ မူလအမည်နာမ ပြန်လည်ရရှိစေရန် တောင်းဆိုဖော်ထုတ်ခဲ့သည့် ၁၉၆၈ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့အား ကယောအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယနေ့တွင် (၅၅)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

၃။           ဤနေ့ထူးနေ့မြတ်တွင် တည်ဆောက်ထားရှိခဲ့သည့် ကယောလူမျိုးများ၏ စည်းလုံး ညီညွတ်မှုအင်အားကို ဂုဏ်ယူမဆုံးဖြစ်ရသည့်နည်းတူ ခေတ်အဆက်အဆက်တွင် အာဏာရှင် မှန်သမျှအား ခုခံဆန့်ကျင်ခဲ့ကြပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးတို့ကို အာမခံပေးနိုင် မည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေးအတွက် အစဥ်တစိုက် ကြိုးပမ်းခဲ့ကြသည်မှာလည်း သမိုင်းက သက်သေပြလျက်ရှိပါသည်။ ယခု ကြီးမြတ်သော လူထုနွေဦးတော်လှန်ရေးတွင်လည်း အခြား ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက် လက်တွဲပါဝင်ဆင်နွှဲလျက်ရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြလိုပါသည်။

၄။           မိမိတို့သွေးချင်းညီနောင် တိုင်းရင်းသားပြည်သူများအားလုံးအနေဖြင့် အတိတ်သမိုင်း တွင်သာမက ယနေ့မျက်မှောက်တွင် တွေ့ကြုံခံစားနေကြရသော စစ်အာဏာရှင်စနစ်ဆိုး၏ ရိုက်ခတ်မှုဒဏ်များအား တွဲလက်ခိုင်မာစွာ ကြံ့ကြံ့ခံတွန်းလှန်အောင်မြင်ကာ ပေါင်းစည်းမှု အင်အားဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်လျက် ဤလူထုတော်လှန်ရေးကြီးတွင် အားအင်သစ်များဖြင့် ဆက်လက်ပါဝင် နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤ (၅၅)နှစ်မြောက် ကယောအမျိုးသားနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw 

Scroll to Top