၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
၁။ တိုင်းပြည်နှင့်လူမျိုးတို့အတွက် အသက်ဉာဏ်စွမ်းတို့အား ပေးဆပ်ခဲ့ကြရသည့် အာဇာနည် သူရဲကောင်းအပေါင်းတို့ကို အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်နေ့များ သတ်မှတ်ကျင်းပခဲ့ကြရာ ယနေ့ (၄၈)နှစ် တိုင်ခဲ့ပြီဖြစ်သော ကချင်အာဇာနည်နေ့တွင် ခေတ် အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးတို့အတွက် အသက် ပေးခဲ့ကြရသော ကချင်လူမျိုးများ၏ ဇာတိသွေး၊ ဇာတိမာန်နှင့် ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာ ခံသော လေးစားဖွယ်ရာ စိတ်ဓာတ်တို့အား မိမိတို့အနေဖြင့် ဂုဏ်ယူစွာ အလေးအမြတ် ပြုလိုပါသည်။
၂။ ယခုနွေဦးတော်လှန်ရေးတွင်လည်း ကချင်တမျိုးသားလုံးနှင့်ကချင်တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူ အခွင့် အရေးများ ရရှိနိုင်ရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး တို့တွင် အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် အင်တိုက်အားတိုက် စုစည်းမှုအသီးသီး ဖော်ဆောင်လျက် တိုက်ပွဲဝင်ရင်း တော်လှန်ရေးတာဝန်များအား မဆုတ်မနစ် ကျေပွန်စွာ ထမ်းဆောင် လျက်ရှိသည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
၃။ အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အားလုံးသော တော်လှန်ရေးအင်အားစု အသီးသီးနှင့် စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်လျက် မဆုတ်မနစ်ဇွဲလုံ့လထား၍ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအား ကြိုးစားတည်ဆောက်သွားမည် ဖြစ်ပါကြောင်း လေးနက် တည် ကြည်စွာ ကတိပြုရင်း (၄၈)နှစ်မြောက် ကချင်အာဇာနည်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw