ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် Enlightened Burma – Social Science Institute နှင့်အတူ လူ့အခွင့်အရေးနှင့်နိုင်ငံရေးဆိုင်ရာ အသိပညာပေးရေး သင်တန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဥ်း၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် (တနင်္လာနေ့)၊ ၁၄:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် “ကော်မတီမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဥ်များအား Enlightened Burma အဖွဲ့နှင့်အတူ အတူတကွ ချိတ်တွဲဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများကို ပိုမိုအကျိုးပြုနိုင်မည်ဟု မျှော်လင့်ပြီး ကြားကာလတွင်သာမက အသွင်ကူးပြောင်းရေးကာလတွင်ပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ပြည်သူများရရှိရမည့် အခွင့်အရေးများကို ပူးပေါင်းဖြေရှင်းကြရမည်ဟု ယုံကြည်ကြောင်း” နှင့် ပြည်သူများအကျိုးအတွက် ကော်မတီ၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။
ထို့နောက် Enlightened Burma – Social Science Institute မှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုများ၊ ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၊ လူအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ နိုင်ငံရေးနှင့် ဖက်ဒရယ်ရေးရာတို့တွင် online မှ ဘာသာရပ်အလိုက် ပို့ချနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်မတီဝင်များက ချိတ်ဆက်ဖွင့်လှစ်လိုသည့် ဘာသာရပ်များ၊ သင်တန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ Enlightened Burma – Social Science Institute မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

