နိုင်ငံတကာရေးရာကိစ္စရပ်များအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ “လက်ရှိကာလ ဆောင်ရွက်ရန်ရှိသည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၏ အခြေအနေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ ဥပဒေပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ” ကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာဆက်ဆံရေးကော်မတီ

