မူလ / ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ ၁၅၀၀ နာရီအချိန်တွင် ပညာရေးကော်မတီသည် ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌက CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်ပံ့ပိုးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ကူညီပံ့ပိုးမှုများရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအတွက် ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် နိုင်ငံတကာအဆင့်မီသင်တန်းများ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေး၊ လိုအပ်သည့် အထောက်အပံ့များ ပေးအပ်နိုင်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များအပေါ်   ပြည်သူ့ရေးရာကော်မတီ၊ အဖွဲ့ဝင်များထံမှ အကြံဉာဏ်များ ဆွေးနွေးရယူကာ အစည်းအဝေးအား ၁၆၅၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top