မူလ / ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ချိတ်ဆက်နေမှုများ၊  ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အထောက်အပံ့များ ပိုမိုရရှိနိုင်ရေးကိစ္စရပ်များအား တင်ပြ၍ CRPH ပညာရေးကော်မတီအနေဖြင့် ချိတ်ဆက်မှုများ ပိုမိုအားကောင်းစေရန် ပူးပေါင်းလုပ်ဆောင်နိုင်မည့်လုပ်ငန်းများကို အပြန်အလှန်မေးမြန်းဆွေးနွေး၍ အစည်းအဝေးအား ၁၆၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံပွဲသည် ပဲခူးတိုင်းဒေသကြီးတွင် မြေပြင်ပညာရေးကဏ္ဍများအား ဖော်ဆောင်နေကြသည့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top