မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဝန်ကြီးဌာန၏မူဝါဒများ၊ ဆက်သွယ်ရေးနှင့်ပတ်သက်၍ သင်တန်းပေးနေမှုများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ United Bond System တည်ဆောက်ခြင်း၊ ကြားကာလပညာရေးအတွက် Home Base Learning System နှင့် အခြားသော Education System များအား IT နည်းပညာဖြင့် ဆောင်ရွက်ခြင်း၊ Data Dashboard များတည်ဆောက်ခြင်း၊ People Voice Television ၊ Radio NUG ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပါသည်။

ထို့နောက် ရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top