မူလ / CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာ Ms. Henrietta Levin တို့ တွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာ Ms. Henrietta Levin တို့ တွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီမှ ဦးကျော်ထွေးတို့သည် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံ၍ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum (Burma Desk) လည်း ပူးတွဲတက်ရောက်ခဲ့ပါသည်။ 

ယင်းတွေ့ဆုံဆွေးနွေးမှုသည် အကျိုးရလဒ်ဖြစ်ထွန်းသည့် ဆွေးနွေးမှုဖြစ်ခဲ့ပြီး CRPH ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် လိုအပ်နေသည့် ကိစ္စရပ်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ဆက်လက်ကူညီပေးစေလိုသည့် ကဏ္ဍများအား တောင်းဆို‌တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top