မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ ညနေ (၁၈:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗဟန်းထန်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်ရန် နိုင်ငံတကာတွင် ပြင်ဆင်လုပ်ဆောင်နေသော ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အကြမ်းဖက်စစ်အုပ်စုမှ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းမှုအပေါ် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၊ CDM ဝန်ထမ်းများအတွက် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းအပေါ် အသိပညာပေး သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ တိုင်းရင်းသားဒေသများရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါသည်။

ထို့နောက် ရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2063/
Scroll to Top