မူလ / ယူကေလွှတ်တော်အမတ်နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ယူကေလွှတ်တော်အမတ်နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ယူကေအထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် ၄-၇-၂၀၂၃ ရက်(အင်္ဂါနေ့)၊ ၁၆၃၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအပေါ် ထပ်မံအရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများအတွက် အကူအညီလိုအပ်‌နေသည့်ကဏ္ဍများနှင့် ယူကေလွှတ်တော်ကိုယ်စားလှယ်များမှ အကူအညီပေးလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top