၂၀၂၃ ခုနှစ်၊ ဇွန်လ (၆) ရက်
မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ ကိစ္စရပ်များအပါအဝင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအပေါ် ယနေ့နံနက် (၀၈:၀၀) နာရီအချိန်တွင် ဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် Mr. ITO Shintaro ၊ Mr. YUHARA Shunji တို့နှင့်လည်းကောင်း၊ (၀၉:၁၅) နာရီအချိန်တွင် Mr. AOYAGI Hitoshi နှင့်လည်းကောင်း ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ CRPH အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး ဦးနေမျိုးထက်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw



