မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ Zoom Platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက  နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ (မူကြမ်း) ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် CRPH ဥပဒေရေးရာကော်မတီတို့က  မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံနှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သုံးသပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်‌ ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင်တစ်ဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် ၁ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ CRPH ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top