မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ကြားကာလမူဘောင်(မူကြမ်း)ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရှေ့ဆက် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၁၂:၃၀) အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top