မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တွေ့ဆုံပွဲ၌ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီးနောက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး က ဝန်ကြီးဌာန၏ မူဝါဒချမှတ်ထားသော လုပ်ငန်းစဥ်များ၊ အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ကဏ္ဍအလိုက် ဘတ်ဂျက်ခွဲ‌ဝေအသုံးပြုမှုနှင့် Beneficiaries Guideline ပါ ဦးစားပေးသတ်မှတ်ချက်၊ ကာလ သတ်မှတ်ချက်၊ ပေးအပ်သွားမည့် အကူအညီတို့အား အသေးစိတ်ရှင်းလင်းတင်ပြကာ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်များအပေါ်တက်ရောက်လာသည့် ကော်မတီဝင်များက မေးခွန်းများ မေးမြန်းခဲ့ကြသည်။ ဆက်လက်ပြီး ကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ချိတ်ဆက်ပူး‌ပေါင်း‌ ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်‌ရေး အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2517/
Scroll to Top