မူလ / တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် တွေ့ဆုံဆွေးနွေး

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ၁၅၀၀ နာရီတွင် CRPH မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) တို့မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်းရှိ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ကော်မတီများ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော ကော်မတီလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် NUG မှ ချမှတ်ထားသည့် One Year Plan အရ မြန်မာနိုင်ငံတစ်ဝှမ်း ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ One Year Plan ထိရောက်အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု အနေအထားများ၊ သတိထားဆောင်ရွက်ရမည့်အချက်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် ကော်မတီလုပ်ငန်းစဥ်များအား တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top