မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-Assistance Association for Political Prisoners)တို့ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး အကျဥ်းသားများအား ကူညီစောင့်ရှောက်နေမှုအခြေအနေများကို သိရှိနိုင်ရန် တွေ့ဆုံ ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-Assistance Association for Political Prisoners)တို့ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး အကျဥ်းသားများအား ကူညီစောင့်ရှောက်နေမှုအခြေအနေများကို သိရှိနိုင်ရန် တွေ့ဆုံ ဆွေးနွေး

ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် တွေ့ဆုံ၍ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဥ်းသားများအား ကူညီစောင့်ရှောက်နေမှုအခြေအနေများကို သိရှိနိုင်ရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နေ့လယ် ၂ နာရီ အချိန်တွင် ဗီဒီယိုကွန့် ဖရင့်မှတဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီ အနေ ဖြင့် လူ့အခွင့်အရေးဆိုးဝါးစွာ ချိုးဖောက်ခံနေရပြီး ဥပဒေမဲ့ဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ CDM ပြည်သူ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား တစ်ထောင့်တစ်နေရာမှ ပါဝင်၍ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကူညီ ထောက်ပံ့နိုင်ရေးအတွက် AAPP နှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။ AAPP အနေဖြင့်လည်း အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဥ်း၍ မြန်မာ့နိုင်ငံရေးအကျဥ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မှတ်တမ်းနှင့် အချက်အလက်ပြုစုထားရှိမှုများ၊ ဥပဒေအထောက်အကူပြုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးအကျဥ်းသားများအား ထောက်ပံ့မှု၊ ကူညီနေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက လက်ရှိ နိုင်ငံရေးအ ခြေအနေများနှင့်စပ်လျဥ်း၍ AAPP ၏ ရှင်းလင်းတင်ပြချက်များအပေါ် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် လုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ကြပြီး တွေ့ဆုံပွဲအား (၁၅:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ အတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ကော်မတီဝင်များနှင့် နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


The Committee Representing Pyidaungsu Hluttaw

class=wp-image-2531/
Scroll to Top