မူလ / ပညာရေးကဏ္ဍအတွက် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံးဖွဲ့စည်းနိုင်ရေးတွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍအတွက် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံးဖွဲ့စည်းနိုင်ရေးတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUCC ရေးရာကော်မတီဝင်များ၊ ကောင်စီဝင်များ၊ JCC Educationမှကိုယ်စားပြုအဖွဲ့ဝင် (၂) ဦးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ပညာရေးကဏ္ဍအတွက် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဥ်း၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကာ  ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးတွင် NUCC ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဦးနေမျိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များကို ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးများဖြစ်ကြသော ဂျာထွယ်ပန်နှင့် ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့သည် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်ထားရှိမှုအပိုင်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များ က ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်း၍ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဥ်များ ချမှတ်ကာ တွေ့ဆုံပွဲအား ၂၀၃၅ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ NUCC ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NUCC ကောင်စီဝင်များ၊ JCC Education မှ ကိုယ်စားပြုအဖွဲ့ဝင် (၂) ဦးနှင့် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top