မူလ / ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ဖမ်းဆီးခံနှင့် အရေးပေါ်အကူအညီ လိုအပ်နေသည့် CDM ဆရာ၊ ဆရာမများအတွက် ချိတ်ဆက်နိုင်မည့်အဆက်အသွယ်များနှင့် စီစဥ်ထားသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ပညာရေးကော်မတီအဖွဲ့ဝင်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးအား ၁၄၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံပွဲသည် ဧရာဝတီတိုင်းဒေသကြီးတွင် မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့်ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top