မူလ / စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအရေးကိစ္စနှင့်စပ်လျဥ်း၍ CRPH ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအရေးကိစ္စနှင့်စပ်လျဥ်း၍ CRPH ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် စစ်ဘေးရှောင်အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များအရေးနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်(ကြာသပတေးနေ့)၊ နေ့လယ် (၁၃:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်မှ ဝန်ကြီးဌာနနှင့် တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝန်ကြီးဌာန၏ အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံချက်တွင် ပြည်နယ်များ၊ တိုင်းများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားကဏ္ဍများ စသဖြင့် ကဏ္ဍ (၄) ခု ခွဲ၍ စိုက်ပျိုးမွေးမြူရေးအတွက် ထောက်ပံ့မှုပေးခြင်း၊ ရိက္ခာသိုလှောင်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နေခြင်းတို့အပြင် ဝန်ကြီးဌာနအနေဖြင့် One Year Strategy တွင် ပထမအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်၍ ဒုတိယအဆင့်နှင့် တတိယအဆင့် တို့တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ကော်မတီမှ ဝန်ကြီးဌာန၏ One Year Strategy တွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်တို့ကို ဆွေးနွေးညှိနှိုင်းအကြံပြုခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တာဝန်ရှိသူများနှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၄:၅၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2888/
class=wp-image-2889/
class=wp-image-2890/
Scroll to Top