Refresh

This website crphmyanmar.org/my/publications/meeting-and-discussion-of-crph-s-and-d-committee-and-nug-mod/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

မူလ / လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အွန်လိုင်းတွေ့ဆုံပွဲ ပြုလုပ်၍ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇေလတ်က မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ၏အသံကို နားထောင်ကာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆွေးနွေးမေးမြန်းအကြံပြုရန်နှင့် ကြားခံဆက်သွယ်ဆောင်ရွက်ပေးရန်သည် ကော်မတီ၏ အဓိကရည်ရွယ်ချက်ဖြစ်၍ ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ပြည်သူများ စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ပြည်သူများကိုယ်စား  မေးမြန်းခြင်း ဖြစ်ပြီး ဝန်ကြီးဌာနသို့ အကြံပြုဆွေးနွေးခြင်းများလည်း ဆောင်ရွက်သွားလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် One Year Plan နှင့်စပ်လျဥ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအကူအညီရရှိနိုင်ရေး ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအား မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အစည်းအဝေးသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီ ၅၀ မိနစ်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2954/
Scroll to Top