မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ဖက်ဒရယ်ရေးရာကော်မတီနှင့် ဖက်ဒရယ်ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ဖက်ဒရယ်ရေးရာကော်မတီနှင့် ဖက်ဒရယ်ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ဖက်ဒရယ်ရေးရာကော်မတီသည်  စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ကြိုးပမ်းလျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲအား တရားဝင်မှုမရှိစေရေးနှင့်စပ်လျဥ်း၍ ဩစတြေးလျနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့မှ ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့)၊ ည (၁၈း၀၀) နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ဖက်ဒရယ်ရေးရာကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တော်လှန်ရေး အစုအဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အသီးသီးနှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ အတုအယောင် ၂၀၂၃ ရွေးကောက်ပွဲအား ဆန့်ကျင်လှုပ်ရှားမှုများကို ဆောင်ရွက်ကြရန်နှင့် အဆိုပါရွေးကောက်ပွဲသည် ပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီမှုမရှိသည်သာမက တရားမျှတမှု၊ တန်းတူညီမျှမှုစသည့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်ကာ လုံးဝတရားဝင်မှုမရှိသည်ကို အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ ပိုမိုသိရှိရန် ဆောင်ရွက်ကြရမည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ၏ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပံ့ပိုး ကူညီလျက်ရှိသည့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ည (၁၉း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2704/
Scroll to Top