မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သံတမန်ရေးရာကဏ္ဍတွင်  ဒေသတွင်းအာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ လတ်တလော လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်ကိစ္စရပ်များအပေါ် တော်လှန်ရေး၏ အရှိန်အဟုန်နှင့်အတူ ဟန်ချက်ညီညီဖြစ်စေရန် ကြိုးစားလုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါသည်။

ထို့နောက် ရေးရာကော်မတီများက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီး တင်ပြဆွေးနွေးရာ တက်ရောက်လာသူများက အကြံပြုပြောကြားခဲ့ကြပြီး  တွေ့ဆုံဆွေးနွေးပွဲအား (၂၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2339/
Scroll to Top