ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် KPICT တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီးနောက် KPICT မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဖွဲ့အစည်း၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ တော်လှန်ရေးခရီးစဥ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် အနာဂတ် ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ အခင်းအကျင်းတွင် ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်သင့်သည့်အချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း လိုအပ်သော လူသားချင်းစာနာထောက်ထားရေး အကူအညီများအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw

