မူလ / လွှတ်တော်လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

လွှတ်တော်လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၁၈၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးပါထန်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကာ တက်ရောက်လာကြသည့် CRCH အဖွဲ့ဝင်များက ချင်းပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေများ၊ မြေပြင်အခြေအနေများ၊ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်အခန်းကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များအား တင်ပြခြင်းနှင့် NDAA နှင့်စပ်လျဥ်း၍ ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့သည်။ ထို့နောက် CRPH ဘက်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top