
ပြည်သူသို့အသိပေးတင်ပြခြင်း(၂)
ရက်စွဲ။ ။၂၀၂၁ခုနှစ် မတ်လ ၀၇ရက်
ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားဖြစ်သည့် နိုင်ငံရေးရည်မှန်းချက် (၄) ချက်ကို အခြေခံသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်နေမှုများ အားလုံးကို အချိန်နှင့်တပြေးညီ ပြည်သူ့ထံအစီရင်ခံတင်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။-
ထိုသို့ဆောင်ရွက်ရာတွင် ယခုလက်ရှိတွင်
လူမှုကွန်ယက်စာမျက်နှာ
https://www.facebook.com/crph.official.mm
အင်တာနက်ဝပ်ဘ်ဆိုက်စာမျက်နှာ
တွစ်တာစာမျက်နှာ
https://twitter.com/CRPHinMyanmar?t=fdOtk-ojJG12LSVt5LeNGg&s=09
တို့ကို တရားဝင်အသုံးပြုလျက်ရှိပြီး သတင်းအချက်အလက်စီးဆင်းမှုပိုမိုထိရောက်မြန်ဆန်စေရန်အတွက် CRPH Myanmar (Telegram Channel) ကိုပါ ထပ်မံအသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
-ပြည်သူများအနေဖြင့် အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်၍ CRPH Myanmar (Telegram Channel) ကို Subscribe လုပ်ထားပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
(၁)Telegram Application အား မိမိတို့၏ ဖုန်းအမျိုးအစားပေါ်မူတည်၍ အောက်ပါလင့်ခ်များမှ download ဆွဲပါ။https://telegram.org/dl/androidhttps://telegram.org/dl/ios
(၂)Telegram Application ကိုဖွင့်၍မိမိ၏ ဖုန်းနံပါတ်ဖြင့် telegram account တစ်ခုကို Register လုပ်ပါ။
(၃)ပြီးနောက် http://t.me/crphmyanmar ကိုနှိပ်၍ CRPH Myanmar Channel သို့ Join ပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ မှန်ကန်သောသတင်းအချက်အလက်များအား CRPH Myanmar (Telegram Channel) မှတဆင့် ပုံမှန်ပေးပို့သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးကိုအထောက်အကူပြုနိုင်သည့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးနည်းလမ်းများကိုလဲ ဆက်လက်ရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
CRPH
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဆပ်ကော်မတီ