မူလ / Letter to Human Right Council From CRPH (Read by Julian Braithwaite) 13 Feb 2021

Letter to Human Right Council From CRPH (Read by Julian Braithwaite) 13 Feb 2021

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အထူးအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ပန်ကြားစာ ပေးပို့
————————————–
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီးကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေးတွင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပေးပို့သောပန်ကြားစာကို ဗြိတိန်သံအမတ် ဂျူလီယန် ဘရိတ်ဝိတ်က ဖတ်ကြားတင်သွင်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူးက

(၁) ဖမ်းဆီးခံထားရသူများအား ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန်။

(၂) ၎င်းတို့၏ အခြေခံ လူ့အခွင့်အရေးကို
ကျင့်သုံးနေသော မြန်မာပြည်သူများအား
ဖိနှိပ် ဖမ်းဆီး နေမှုများ ရပ်ဆိုင်းရန်

(၃) ဥပဒေနှင့် အညီတင်မြှောက်ထားသော အစိုးရ၏ လုပ်ငန်းဝာာဝန်များ စတင်နိုင်ရန် ၎င်းတို့၏ လက်ရှိ အနေအထားမှ ချက်
ခြင်း ဖယ်ရှားပေးရန်

(၄) စစ်တန်းလျားသို့ ပြန်သွားပြီး တပ်
မတော် ခေါင်းဆောင်ပိုင်း၏ အပြစ်ဒဏ်
မပေးနိုင်အောင် ပြုလုပ်ထားမှုများအား
အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် နှင့် စစ်တပ်မှအရပ်သား အစိုးရအား တာဝန်ခံသည့် စနစ် အပြည့်အဝ ထူထောင်ရန်တို့ကို သဘောတူ လိုက်လျောရန်

အချက်(၄)ချက်တင်သွင်းခဲ့သည်။
အထူးအစည်းအဝေးအပြီးတွင် အဖွဲ့ဝင်နိုင်ငံ (၄၇) နိုင်ငံက မဲမခွဲပဲ အားလုံးသဘောတူညီမှုဖြင့် ဆုံးဖြတ်ချက်များချမှတ်ခဲ့‌သည်။

Scroll to Top