မူလ / အီးယူနှင့် အာဆီယံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ရန်နှင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ဆက်လက်ကူညီရန် လိုအပ်ကြောင်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ပြောကြား

အီးယူနှင့် အာဆီယံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ရန်နှင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ဆက်လက်ကူညီရန် လိုအပ်ကြောင်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ပြောကြား

အီးယူအနေဖြင့် NUG၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကဲ့သို့ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို စွမ်းရည်မြှင့်တင်ရေးဖွံ့ဖြိုးမှုအကူအညီများအား ဆက်လက်ကူညီ‌ပေးရန် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Ms. Heidi Hautala က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးကဏ္ဍအား ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ဗဟုသုတ၊ စွမ်းရည်နှင့် အရင်းအမြစ်များကို ကူညီပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် "အီးယူနှင့် အာဆီယံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ရမည် ဖြစ်ပါကြောင်း၊ အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲဟု ပြောသော်လည်း ယင်းကိုရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ပါကြောင်း၊ ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးမှ နိုင်ငံတကာအား မြန်မာနိုင်ငံ၏ ပဋိပက္ခကို အတူတကွဖြေရှင်းကြရန် တောင်းဆိုမှုကိုလည်း ကြိုဆိုပါကြောင်း၊ နောက်နှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အင်ဒိုနီးရှားသည် အဓိက‌ကဏ္ဍတွင် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်စနစ်နှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေး မိမိတို့ လုပ်ဆောင်‌ပေးရန် လိုအပ်ပါကြောင်း” ဖြင့် ပြောကြားခဲ့သည်။

မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH အနေဖြင့် ဥရောပပါလီမန်၏ ပံ့ပိုးကူညီမှုနှင့် အတူတကွရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

Source: European Parliament in ASEAN
https://twitter.com/EPinASEAN/status/1603039642613211137?t=H1J_01zjnIaR_7IOWbO94A&s=19

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top