မူလ / “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပြဋ္ဌာန်း

“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပြဋ္ဌာန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည် –

(က) ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ပြည်သူလူထု၏ ဆန္ဒကို အကောင်အထည်ဖော်ရန်၊

(ခ) အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဖြစ်မြောက်စေရန် လုပ်ဆောင်မှုများအား တားဆီးရန်နှင့် ပါဝင်ကူညီဆောင်ရွက်သူများကို အရေးယူနိုင်ရန်၊

(ဂ) ပြည်သူလူထု၏ ဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top