မူလ / (၁၁၃) ကြိမ်မြောက် International Labor Conference (ILC) တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

(၁၁၃) ကြိမ်မြောက် International Labor Conference (ILC) တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၅၀၀ နာရီအချိန်တွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အလုပ်သမားရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် စစ်ကောင်စီအား Article 33 အရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အား အသိအမှတ်ပြုရေးကိစ္စနှင့်စပ်လျဥ်း၍ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ ဇွန်လ၌ ပြုလုပ်မည့် (၁၁၃) ကြိမ်မြောက် International Labor Conference (ILC) တွင် တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO တွင် အသိအမှတ်ပြုရေးကိစ္စများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လွှတ်တော်နှင့် ဝန်ကြီးဌာနတို့အနေဖြင့် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြကာ အစည်းအဝေးအား ၁၆၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 The Committee Representing Pyidaungsu Hluttaw

Scroll to Top