မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဒေါက်တာငိုင်းတမ်မောင်း က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဒေါက်တာငိုင်းတမ်မောင်း က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကား ပြောကြားပြီးနောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဒေါက်တာငိုင်းတမ်မောင်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြီး အစည်းအဝေးအား (၂၁:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းတို့ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top