၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် Mr. Anusorn Tamajai၊ Mr. Chonlathan "Ice" Supphaiboonlerd နှင့် Mr. Krokiat Korsoongsak တို့အား ၁၄-၈-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် အောက်လွှတ်တော်ကိုယ်စားလှယ် Mr. Anusorn Tamajai အား ၎င်း၏ မကြာသေးမီက ထုတ်ဖော်ပြောကြားမှုများနှင့် ရပ်တည်ချက်တို့အတွက် ကိုယ်စားလှယ်အဖွဲ့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကျေးဇူးတင်ကြောင်း စာအား ပေးအပ်ခဲ့ပါသည်။
ယခုခရီးစဉ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေ့ရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများ ပညာဆက်လက်သင်ကြားနိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုများရရှိရေးအတွက် အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





