မူလ / (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့

(၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံ၍ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီလိုအပ်နေမှုများ၊ မြန်မာလွှတ်တော်၏ ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းမှုများနှင့် စိန်ခေါ်မှုများ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

၁၂-၃-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်နေ့အတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နယူးဇီလန်၊ ဩစ‌တြေးလျ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ ယူကေ၊ ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ အရှေ့တီမော တို့အပြင် IPU မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top