မူလ / ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ

၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ယနေ့နံနက် မြန်မာစံတော်ချိန် ၀၈း၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၌ အခြေအနေများများနှင့် စပ်လျဉ်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေများ ရှာဖွယ်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးမတိုင်မီ ပြည်ထောင်စုလွှတ်တော်၏ ‌လုပ်ငန်းဆောင်ရွက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အထူးကိုယ်စားလှယ်က ၎င်း၏လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံမှုသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top