သတင်းထုတ်ပြန်ချက် အမှတ် (၁၂)
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်လွှဲအပ်မှုဖြင့် ၅-၂-၂၀၂၁ ရက်မှ စတင်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းကာ လွှတ်တော်တာဝန်များ စတင် ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် တိုင်းရင်းသားကိုယ်စားလှယ်များကို ထပ်မံတိုးချဲ့ကာ အဖွဲ့ဝင် ၁၇ ဦးဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၀-၄-၂၀၂၁ ရက်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၁။ ဦးအောင်ကြည်ညွန့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆)
မကွေးတိုင်းဒေသကြီး။
၂။ ဦးလမာနော်အောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ကချင်ပြည်နယ်ပြည်သူ့ပါတီ
အင်ဂျန်းယန်မဲဆန္ဒနယ်
ကချင်ပြည်နယ်။
၃။ ဦးစည်သူမောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ပန်းဘဲတန်းမဲဆန္ဒနယ်
ရန်ကုန်တိုင်း။
The Committee Representing Pyidaungsu Hluttaw


