The Committee Representing Pyidaungsu Hluttaw
သတင်းထုတ်ပြန်ချက် အမှတ် (၅)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်
၁။ ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့၏ CDM လှုပ်ရှားမှုနှင့် စပ်လျဉ်း၍ ယနေ့ရက်စွဲဖြင့် ကြေညာချက်နှင့် ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်များ ထုတ်ပြန်သည်။
၂။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ဦးဆောင်သော လက်ရှိပြည်သူ့အစိုးရနှင့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ Committee Representing Pyidaungsu Hluttaw – CRPH တို့ကိုသာ အသိအမှတ်ပြု၊ သစ္စာစောင့်သိခံယူ၍ မိမိတို့၏ တာဝန် ဝတ္တရားများကို ထမ်းဆောင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
၃။ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ CDM လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိသော်လည်း ကျန်းမာရေးဆိုင်ရာ သစ္စာအဓိဋ္ဌာန်နှင့် ကျင့်ဝတ်များနှင့်အညီ ပြည်သူများကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများကလည်း ကျန်းမာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို ဆက်လက်၍ ထောက်ခံကူညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားပါကြောင်း ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်တွင် ဖော်ပြထားသည်။
The Committee Representing Pyidaungsu Hluttaw


