ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH) နှင့် ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်အဖွဲ့ဝင် ဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကော်မရှင်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများနှင့် စိန်ခေါ်မှုများကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ ၁၃၀၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အဖွဲ့ဝင်များနှင့် CRPH ဖက်ဒရယ်ရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw






