၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - KPICT တို့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲ၌ နှစ်ဖက်အဖွဲ့အစည်းများက လက်ရှိတော်လှန်ရေး အောင်မြင်စေရေးအတွက် ဆောက်ရွက်နေမှုများ၊ လက်ရှိနှင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - KPICT တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ






