ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ ၁၁၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဥ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကာ ၁၃၀၀ နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများ၏ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw




