မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် UK လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အခြေအနေများအပေါ် ဆွေးနွေးခဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် UK လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အခြေအနေများအပေါ် ဆွေးနွေးခဲ့

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် UK လွှတ်တော်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အခြေအနေများအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ၊ စစ်တပ်မှ ပြည်သူတို့အပေါ်၌ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိူးဖောက်နေမှုများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများ၊ စစ်ဘေးရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အကူအညီများ လိုအပ်နေမှု၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ကြားကာလ နိုင်ငံရေးအင်အားစုများ၏ ပါဝင်မှုနှင့် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ်များ ၊ အာဆီယံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် စိုးရိမ်ချက်များ၊ UK လွှတ်တော်နှင့် လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးနှင့် လူအခွင့်အရေးကာကွယ်တိုးမြှင့်နိုင်ရေး UK လွှ‌တ်တော်ကိုယ်စားလှယ်များက အနာဂတ်တွင် ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ၊ ဆက်လက်ဆွေးနွေးသွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဝင်းနိုင်၊ ဦးရောဘတ်ညေးရယ်၊ ဦးစည်သူမောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ ကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ကြသည်။

UK လွှတ်တော်မှ All-Party Parliamentary Group on Democracy in Burma ၏ ဥက္ကဌ ဖြစ်သူ Ms. Rushanara Ali (Labour) နှင့်အတူ Ms. Baroness Cox (Crpssbench) ၊ Mr. Lord Sarfraz( Conservative)၊ Mr. Lord Bruce of Bennachie (Liberal Democrat)၊ Ms. Sarah Champion(Labour)၊ Ms. Alicia Kearns(Conservative)၊ Mr. Nigel Mills (Conservative)၊ Mr. Imran Hussain(Labour)၊ Mr. Pauline Latham OBE (Conservative)၊ Mr. Virenda Sharma (Labour) တို့ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2323/
class=wp-image-2324/
class=wp-image-2325/
class=wp-image-2326/
class=wp-image-2327/
Scroll to Top