မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်(၀၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပြည်သူ့ရင်ခွင်ခိုလှုံ ရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက  ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ်  ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်း အကြံပြုခဲ့ကြ ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အ ထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ အသီးသီးတက်ရောက်ခဲ့ကြပြီး အစည်းအဝေး ကို နံနက်(၁၁:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2316/
Scroll to Top