မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် KPICT တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ ည (၁၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက  လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ တော်လှန်ရေးခရီးစဉ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသည့် အချက်များအား ပြန်လည် မေးမြန်း‌ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက တော်လှန်ရေးကာလနှင့် ကြားကာလအတွင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်သွားသင့်သည့် ကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ထို့နောက် KPICT မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား (၂၀း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2444/
Scroll to Top