မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး တိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက်ရည်ရွယ်၍ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးတိုးမြှင့်နိုင်ရေး ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တော်လှန်ရေးကာလဆိုင်ရာ မူဝါဒ၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုတည်ဆောင်ရေးတွင် ဝန်ကြီးဌာန၏ ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု များ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံလျက်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍရှိ နိုင်ငံတကာကုမ္ပဏီများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာက ချမှတ်လျက်ရှိသည့် အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက် တွန်းအားပေး တောင်းဆို ဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဦးစည်သူမောင်၊ ဘဏ္ဍာရေးရာ ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးထက်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အတွင်းဝန် ဦးစောစံအေးတို့လည်း တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2204/
class=wp-image-2205/
class=wp-image-2206/
Scroll to Top