မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅၁/၂၀၂၃)အား ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅၁/၂၀၂၃)အား ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅၁/၂၀၂၃) အား ၁၅-၁၂-၂၀၂၃ ရက်နေ့ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ရေးရာကော်မတီများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ တော်လှန်ရေးအရှိန်အဟုန် တက်လာစေရန် ခြေသံလုံလုံဖြင့် အားလုံးကြိုးစားလုပ်ဆောင်ခဲ့သည့်ရလဒ်ကိုလည်း မြင်တွေ့ကြရမည်ဖြစ်ပါကြောင်းနှင့် ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ယနေ့တွင် ပိုမိုသိရှိမျှဝေသွား နိုင်ကြမည်ထင်မြင်ပါကြောင်း ပြောကြားခဲ့သည်။

ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာတွင် ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပညာရေးကော်မတီတို့က သက်ဆိုင်ရာနယ်ပယ်များအလိုက် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်လျက်ရှိသည့်ကော်မတီ၏လုပ်ငန်းစဥ်များအား ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ၂၀၅၀ နာရီတွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊  ရေးရာကော်မတီများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top