ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့သည် International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများအား အပတ်စဥ် တနင်္ဂနွေနေ့တွင် ဗီဒီယိုကွန် ဖရင့်မှတစ်ဆင့် စီစဥ်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲများအား မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် ဖက်ဒရယ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွား၍ တူညီသော ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာအသိအမြင်များဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် လက်တွေ့ကျကျ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း အပတ်စဥ် ဆွေးနွေးပွဲ (၁၇) ကြိမ်အား ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်ဆွေးနွေးခဲ့ကာ ယင်းဆွေးနွေးပွဲများတွင် ဖက်ဒရယ်နိုင်ငံများအနေဖြင့် ရေးဆွဲကျင့်သုံးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြည်ထောင်စုမြေပုံအသစ်ရေးဆွဲရေးအတွေ့အကြုံများ၊ အာဏာခွဲဝေမှုများ၊ ဥပဒေပြုရေးစနစ်၊ တရားစီရင်ရေးစနစ်၊ ဘဏ္ဍာရေးစနစ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲခြင်းနှင့် ဖက်ဒရယ်နိုင်ငံအချို့မှ စံနမူနာယူရမည့် ဖက်ဒရယ်ပြောင်းလဲမှုဖြစ်စဥ်များနှင့် သင်ခန်းစာယူသင့်သည့် အကြောင်းအရာများကို တစ်နိုင်ငံချင်းစီအလိုက် အသေးစိတ်လေ့လာချက်များကို ဆွေးနွေးမျှဝေခဲ့ကြသည်။
ဆွေးနွေးပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် လေ့လာဆွေးနွေးခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



