မူလ / CRPH၊ ပညာရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) အား ကျင်းပပြုလုပ်

CRPH၊ ပညာရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) အား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တွင် ဖွဲ့စည်းထားသော ပညာရေးကော်မတီသည် ကော်မတီပုံမှန်ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ညနေ (၁၅:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးအစီအစဉ်များအရ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်များက ပညာရေးကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။ ထို့နောက် ကော်မတီဘတ်ဂျက် ရေးဆွဲနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အထွေထွေဆွေးနွေးတင်ပြချက်များ ဆက်လက်ဆွေးနွေးကြပြီး ကော်မတီ အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြား၍ (၁၇:၃၀) နာရီတွင် အစည်းအဝေးအား ရပ်နားခဲ့ကြပါသည်။

ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပညာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

ပညာရေးကော်မတီ၊
The Committee Representing Pyidaungsu Hluttaw

class=wp-image-2482/
Scroll to Top