မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်ဒေသအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ CDM များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းများ ပြောကြားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ အလှည့်ကျ သဘာပတိ ခူဦးရယ်က ပေးပို့သော နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်သဝဏ်လွှာအား SCEF အတွင်းရေးမှူးအဖွဲ့၊ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက ကိုယ်စားဖတ်ကြားခဲ့သည်။

ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (APHR) မှ ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Hon. Kasit Piromya၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦကျော်မိုးထွန်းနှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခဲ့ပြီး ဩစတြေးလျနိုင်ငံ၊ New South Wales လွှတ်တော်အမတ် Ms. Janelle Saffin နှင့် Peace Rights Foundation (PRF) ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Kannavee Suebsang တို့က ပေးပို့သော နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကား ဗီဒီယိုတို့အား ပြသခဲ့သည်။

Furthermore, messages were read by U Myint Aung Moe, Chairman of the Mandalay Interim Governing Council (MIGC), and Dr. Ye Tun Zaw, Prime Minister of the Interim Magway Federal Unit Government. Dr. Soe Min, a consultant surgeon participating in the Civil Disobedience Movement, also delivered remarks.

ထို့နောက် အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး နေ့လယ် ၁၂:၀၀ နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top