မူလ / တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Kim Jin-pyo ထံသို့ ဆိုးလ်မြို့တော်၊ Itaewon ၌ Halloween ပွဲတော်ကျင်းပနေစဉ် လူအုပ်ပိခြင်းကြောင့် လူအများအပြား ထိခိုက်‌သေဆုံးခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ယနေ့ရက်စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် "ဆိုးလ်မြို့တော်၊ Itaewon ၌ Halloween ပွဲတော်ကျင်းပနေစဉ် လူအုပ်ပိခြင်းကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာ ဝမ်းနည်းရပါကြောင်း၊ မြန်မာပြည်သူတို့၏ ကိုယ်စား သေဆုံးခဲ့ရသူများ၏ မိသားစုများ၊ မိတ်ဆွေများအတွက် များစွာ ဝမ်းနည်းရပါကြောင်း၊ ထိခိုက်ခဲ့ရသူများအတွက် အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးပါကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့် ကာလတွင် တောင်ကိုရီးယားနိုင်ငံ အစိုးရ၊ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပါကြောင်း" ဖြင့် ဖော်ပြပါရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကဏ္ဍအတွက် များစွာ ပံ့ပိုးကူညီခဲ့သည့် မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခု ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုတွင်လည်း တောင်ကိုရီးယား အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများက ခိုင်ခိုင်မာမာ ထောက်ခံအားပေးကာ ပံ့ပိုးကူညီလျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top