တူရကီနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Mustafa Sentop နှင့် ဆီးရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Mammouda Sabbagh တို့ထံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မနေ့က တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင် သတင်းအား ကြားသိရသည့်အတွက် များစွာတုန်လှုပ်မိပါသည်။ မိမိတို့အနေဖြင့် ခက်ခဲလှသည့် ယခုအချိန်တွင် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံအစိုးရ၊ လွှတ်တော်၊ မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့်အတူ ရပ်တည်ပါကြောင်း၊ အသက်ဆုံးရှုံးသွားရသူတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းရပါကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သူများအနေဖြင့် အမြန်ဆုံး သက်သာပျောက်ကင်း နိုင်ပါစေကြောင်း” ဖြင့် ဖော်ပြပါရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
